MNP - ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပခုက္ကူခရိုင်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် မွန်းလွဲ ၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကလေးအလုပ်သမားများ အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအကြောင်းအရာများ၊ အလုပ်လုပ်ကိုင်နိုင်သည့် ကလေးသူငယ်အသက်အရွယ်၊ ကလေးသူငယ်များအား အဆိုးဝါးဆုံးပုံစံဖြင့် စေခိုင်းသူများအတွက် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမ ှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူရင်သွေးငယ်လေးများ၏ မိဘများနှင့်အုပ်ထိန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment