MNP ၊ ဩဂုတ် ၂၇
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ကောင်းမွန်စေရေးနှင့် လိုင်စင်မဲ့ယာဉ်များစီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့်စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့၊ နံနက်ပိုင်းနှင့်ညနေပိုင်းများတွင် မြို့တွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် မီးပွိုင့်လမ်းဆုံတွင် စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပြည်သူများယာဉ်အန္တရာယ်ကင်းဝေစေရေး အသိပညာပေးလုပ်ငန်းများကို ဩဂုတ်လ (၂၅) ရက်နေ့မှစ၍ စက်တင်ဘာလ(၇)ရက်နေ့ထိ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment