MNP - ဩဂုတ် ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၃၅၂၂၁)ဧက ရှိသည့်အနက် ဇူလိုင်လ နောက်ဆုံးအပတ်ထိ ဧက(၁၁၁၂၈၇) စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် လျာထားသည့် ဧက(၁၃၅၂၂၁)ကို ဇွန်လ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများစားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများ ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် တိုးချဲ့လာနိုင်စေရေးအတွက် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၀)ရှိ၍ ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများမှ အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အခြားစပါးမျိုးများဖြစ်သည့် ငွေတိုး၊ ကောက်ညှင်း စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment