တရားမဝင် သစ်မျိုးစုံ စက်မှုကုန်ကြမ်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ စက်မှုကုန်ကြမ်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


MNP ၊ သြဂုတ် ၂၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် ကုန်တင်ယာဉ်ခြောက်စီးပေါ်မှ အကောက်ခွန်မဲ့ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဖိနပ်များ၊ အဝတ်လျှော်ဆပ်ပြာဆီအထုပ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ကားအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၅၁၈၅၂)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင် လာသော နောက်တွဲယာဉ်လေးတွဲနှင့် ကုန်တင်ယာဉ်ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၅၁၈၅၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ သြဂုတ် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသော KN 95 Mask နှင့် Surgical Mask များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင် တင်ပြနိုင် ခြင်းမရှိသော ဆေးဝါးမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၈၀၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာ မဟာဝိဇိတာရာမ ကျောင်းတိုက်အနီး၌ ကျွန်းပါကေးအကြမ်းတုံး ၀ ဒသမ ၅၇၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၈၄၄၄) နှင့် အဆိုပါ သစ်များတင်ဆောင်လာသော Toyota Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၃၇၈၄၄၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် ဩဂုတ် ၂၆ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဟားခါးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ကားကြီးကွင်းတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ကားကြီးကွင်းအတွင်း ပတ်လမ်း၌ မသင်္ကာဖွယ် ဂျပ်ဖာနှစ်ဖာအားတွေ့ရှိ၍ ဖွင့်ဖောက် စစ်ဆေးခဲ့ရာ တရားမဝင်ဆေးဝါးမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အမှုတွဲဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက် ရှိသည်။


အလားတူပင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဘားအံမြို့ သံလွင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၆ ရက်တွင် မော်တော်ယာဉ်သုံးစီးပေါ်မှ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် စားသုံးဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကို လည်းကောင်း(ဝဲပုံ)၊ ဩဂုတ် ၂၇ ရက်တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ အကောက် ခွန်မဲ့ အားဖြည့်အချိုရည်များနှင့် စားသုံးဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၅၅၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၄၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အတူပင် ဩဂုတ် ၂၇ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူ ခရိုင်အတွင်း ကျွန်းသစ်နှင့် အခြားသစ်မျိုးစုံ ၈ ဒသမ ၉၅၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၄၉၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ သြဂုတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁၉၆၀၈၇၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)