၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်


MNP ၊ ဩဂုတ်  ၂၇

၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မရမ်း ကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(MCC)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင်အစည်းရုံးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊အနုပညာချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများ၏ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။


အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲကို ဩဂုတ် ၂၉ ရက်အထိ ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးကို သတ်မှတ် နေရာအသီးသီး၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲတွင် ၅၆ ဦး၊ အကပြိုင်ပွဲတွင် ၂၈ ဦး၊ အရေးပြိုင်ပွဲတွင် ၁၄ ဦး၊ အတီးပြိုင်ပွဲတွင် ၁၈၀ ဦး၊ စုစုပေါင်း ၂၇၈ ဦးတို့ဖြင့် ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)