ပုဏ္ဏားကျွန်း(မြို့ မ)ထ/ခွဲကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်း(မြို့ မ)ထ/ခွဲကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ(အခမဲ့)ပြုလုပ်ပေး





MNP ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၀ နှစ်နှင့် ၁၆ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့မှစ၍ယနေ့ထိ၊ ပုဏ္ဏားကျွန်း (မြို့မ)ထ/ခွဲကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၂)အရ အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးက ပန်းခင်းစီမံချက်အဆင့်(၂)အရ ကျောင်းသား၊ ကျောင်းသူများ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။ 

ထိုနောက် နိုင်ငံသားစီစစ်ရေးကတ်များပြုလုပ်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများကလည်း လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ အသက် ၁၆ ပြည့် ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးနှင့် အသက် ၁၀ ပြည့် ကျောင်းသား၊ ကျောင်းသူ ၁၁၅ တို့အတွက် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ(အခမဲ့) ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။  


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)