ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ် ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ၁ ဒသမ ၅ သန်းခန့်ထွက်ရှိနိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ် ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ၁ ဒသမ ၅ သန်းခန့်ထွက်ရှိနိုင်မည်




MNP ၊ ဩဂုတ်  ၂၈

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေရှိ ရေနံမြေဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ်  ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ၁ ဒသမ ၅ သန်းခန့်ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်-ကမ်းနီရေနံမြေ တွင်းအမှတ် ၃၁၃ သို့ ရောက်ရှိကြပြီး တွင်းတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ရေနံနှင့်ရေနံထွက် ပစ္စည်းများ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေး စီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ ရေနံမြေများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်နှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ဖြစ်ကြောင်း၊ ရေနံမြေများသည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို ကိုင်တွယ်လုပ်ကိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများနှင့်ရေနံမြေလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်သွားရန်လိုပါကြောင်း လမ်းညွှန်မှာကြားပြီး  ပြည်ထောင်စုဝန်ကြီးက ရေနံမြေဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် ထောက်ပံ့ငွေ များပေးအပ်သည်။


အဆိုပါ ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ်  ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ၁ ဒသမ ၅ သန်းခန့်ထွက်ရှိနိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့်သဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)