MNP - သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာ သန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက ရဟန်းရှင်/လူလူနာ (၂၅၀) ကျော်အား အခမဲ့ကုသပေးခဲ့သည်။
အဆိုပါ ဆေးခန်းကို အပတ်စဉ်စနေနေ့တိုင်း ဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်း ရောဂါစသည့် ရောဂါလက္ခဏာများကို အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီး အသည်းကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော သူများအား ဆေးထိုးပေးခြင်း၊ ရောဂါလက္ခဏာပေါ် မူတည်၍ ဆေးဝါးများကိုလည်း အခမဲ့ပေးလှူကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment