ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - သြဂုတ်  ၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နေ့လည်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့က သရက်တောရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်ခန်းမတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆ / ၆) များအား Software Program အသုံးပြုပြီး ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာကွင်းအမှတ် (၄၂၁) မင်းရွာကွင်းအတွင်းတောင်သူ ဦးခင်အေးနိုင်၏ မိုးစပါး (၁၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်ပြီး ဝါးတောကျေးရွာအုပ်စု ဆည်ကြီးကုန်းကျေးရွာ ဆည်တမံမှမိုးစပါးစိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား စစ်ဆေးပြီး ကသစ်တိုင်းကျေးရွာအုပ်စု တောင်လုံးညိုကျေးရွာရှိ ဦးဌေးအောင်၏ ကြက်ခြံတွင် ပေါင်းတည်မြို့ မင်းသားကြီး ကြက်ခြံမှဖြန့်ဖြူးသည့် ဒေသကြက် (တိုင်းရင်းကြက်) အကောင် (၁၀၀၀) (၂၆) ရက်သားမွေးမြူးထားရှိ အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ ကြပ် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနဆိုင်ရာများမှ လိုက်ပါကွင်းဆင်းခဲ့ပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထပ်မံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် ယမန်နေ့နေ့လည်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကို မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)