အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - သြဂုတ်   ၆


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎ရေနံနှင့် သဘာဝဓာတ်‎ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (မ‎ကွေးတိုင်းဒေသကြီး) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) အဖြစ် (ဆိုင်ကယ်ပြင်သင်တန်း) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေ လုပ်ငန်းခွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational Education Training) များ ပေးရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ ချောက်/လမ်းရွာရေနံမြေအထွေထွေ မန်နေဂျာဦးရဲနိုင်က (CSR) အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational  Education Training) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် သင်တန်းသားများအား ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာနှင့် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocational  Education Training) (၆/၂၀၂၂) အဖြစ် ဆိုင်ကယ်ပြင်သင်တန်းကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းကို သြဂုတ်လ (၆)ရက်‎နေ့မှ စက်တင်ဘာလ (၄)ရက်‎နေ့အထိ တစ်လကြာ နေ့စဉ်နံနက် (၈)နာရီမှ နံနက်(၁၁)နာရီခွဲထိ၊ နေ့လယ် (၁)နာရီမှ ည‎နေ (၄)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို သင်တန်းသား(၁၈)ဦးဖြင့် စရိတ်ငြိမ်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းတာဝန်ရှိသူများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)