MNP - သြဂုတ် ၆
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ ၂၀၂၀/၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို အ.ထ.က (၁) ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Grade-8 ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး တနိုင်းမြို့ လင်းလက်သိပ္ပံဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် ဘဒ္ဒန္တတေဇနိယ သာသနာ့ဓဇဓမ္မစရိယက အဖွင့်သြဝါဒစကား မိန့်ကြားခဲ့သည်။
ထို့နောက် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းကပညာရေးနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် တနိုင်းမြို့လင်းလက်သိပ္ပံပညာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အသင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၀/၂၀၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/သူ ၅ ဘာသာ ၁ ဦး၊ ၄ ဘာသာ ၁ ဦး၊ ၃ ဘာသာ ၁၀ ဦး၊၂ ဘာသာ ၁၅ ဦး ၊ ၁ ဘာသာ ၅၃ ဦး စုစုပေါင်း ၈၀ဦးတို့နှင့် သင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့် ပေးအပ်ခဲ့ကြသည်။
သတင်း - မနောမြေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment