MNP - ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့က မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များ၊ မီးဖွားပြီးမိခင်များ၊ မွေးကင်းစကလေးငယ်များအား ကွင်းဆင်း၍ အခမဲ့ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေးများ၊ ဗီတာမင် B1 အားဆေးများ၊ သံချဆေးများတိုက်ကျွေး၍ အခမဲ့ပေးဝေပေးခြင်း၊ အာထရာဆောင်း V Scan စက်ဖြင့် အခမဲ့ကြည့်ရှုစစ်ဆေးပေးခြင်း၊ မီးဖွားပြီးမိခင်များအား ဗီတာမင် B1 ချို့တဲ့မှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ မွေးပြီးမိခင်များအား Vitamin A 2 သိန်းအား အစက်ချတိုက်ကျွေး ပေးခြင်း၊မွေးပြီး ၄၅ ရက်ပြည့် မိခင်များအား သားဆက်ခြား၊ မျိုးစက်ပွားနည်းများအား ရှင်းလင်းဆွေးနွေးပေးခြင်း၊ သုံးလခံထိုးဆေးများ ထိုးနှံပေးခြင်း၊ လက်မောင်းတွင်းထည့် အရေပြားအောက်သန္ဓေတားပစ္စည်းအတန် Implanon NXT ကို အခမဲ့ထည့်သွင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွေးကင်းစကလေးငယ်များ အားကလေးသူငယ်များတွင် အဖြစ်များသည့် အရေပြားရောဂါများ ရှာဖွေစစ်ဆေးပေးခြင်း၊ beriberi ဟုခေါ်သော Vitamin B1 ချို့တဲ့ရောဂါ မဖြစ်စေရေး၊ မိခင်နို့နည်းမှန်စွာတိုက်ကျွေးနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက်ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖို့းလာမှုနှုန်းများနှင့် အာဟာရချို့တဲ့မှုရှိ/မရှိတို့ကို အခမဲ့စစ်ဆေးပေးခဲ့ပြီး နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment