MNP - ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ် ကြောင်းကြီး (၅) ကြောင်းနှင့် ကျေးရွာဒေသခံများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် ၊ ပေပင်ကျေးရွာအုပ်စု ၊ ညောင်ပေါကျေးရွာတွင် ကျင်းပပြုလုပ်သည်
ဦးစွာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ကျေးရွာဒေသခံများ တွေ့ဆုံ၍ ကျေးရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသောင်းမြင့်သိန်းက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဟန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် နှင့် ဦးတည်ချက် (၉) ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ဌာနအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ ဒေသခံပြည်သူများ သိသင့်သိထိုက်သော အသိပညာပေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးသွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျေးရွာပြည်သူများက ရပ်ရွာအတွက် လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက်ပေးမည့် အစီအမံများ အား ပြန်လည်ဆွေးနွေးသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျွဲနွားများတွင် ဖြစ်ပွားတတ်သော အရေပြား အကြိတ်နာရောဂါ (Lumpy Skin Disease) လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ညောင်ပေါကျေးရွာရှိ ကျွဲနွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster) အား ကျေးရွာသူ ကျေးရွာသားများသို့ ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် မွေးတိုး / အလျော့ ပြုလုပ်ပေးခြင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျေးရွာတွင်းလမ်းများ အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူကျေးရွာသား များထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်၊ ပေပင်ကျေးရွာအုပ်စု၊ ညောင်ပေါကျေးရွာမှဒေသခံပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တွေ့ဆုံပွဲအားမွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း - ဖြူလူသစ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment