ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာတွင် တတိယအကြိမ် လာရောက်နေထိုင်ကြသော မြိုတိုင်းရင်းသားများအား ဆန်၊ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာတွင် တတိယအကြိမ် လာရောက်နေထိုင်ကြသော မြိုတိုင်းရင်းသားများအား ဆန်၊ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်



MNP - ဩဂုတ်   ၂၁


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာတွင် တတိယအကြိမ် လာရောက် နေထိုင်ကြသော မြိုတိုင်းရင်းသားများအား ဆန်၊ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ယမန်နေ့ နေ့လယ် ၃ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ပေးအပ်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးက မြိုတိုင်းရင်းသားများအား ဆန်၊ ရိက္ခာ၊ ထောက်ပံ့ငွေနှင့် မိသားစုသုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မောင်တော မြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာတွင် မြိုတိုင်းရင်းသား တတိယအကြိမ် လာရောက်နေထိုင် ကြသော အိမ်ထောင်စု(၂၅)စုအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အိမ်ထောင်စု(၁)စုလျှင် နေအိမ်ဆောက်လုပ် စရိတ် (၅)သိန်းကျပ်၊ ပြောင်းရွှေ့စရိတ်(၁)သိန်းကျပ်နှင့် နေအိမ်များဆောက်လုပ်ခြင်း မပြုမီကာလအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေချောမွေ့ စေရေးအတွက် ဆန်၊ ရိက္ခာနှင့် မိသားစုသုံးပစ္စည်းများ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  မြိုတိုင်းရင်း သားများထံသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)