စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


MNP - သြဂုတ်   ၂၁


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီး ဦးဇော် ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်ရှိ ကန်သာယာအနောက်ဘက်ကန်မှ ချင်းတွင်းမြစ်အတွင်းသို့ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ရေစီးရေလာကောင်းမွန်စေရေး မြောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော နန္ဒဝန်ရပ်ကွက် အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းမိုင်(၄.၇၅)မိုင် မြေသားရေမြောင်းများတူးဖော်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ရေစီးရေလာ ကောင်းမွန်စေရေး မြေသားရေမြောင်းများ တူးဖော်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင်ရပ်ကွက်၊ အမှတ်(၁၃)လမ်း ရေစီးရေလာကောင်းမွန်စေရေး မြေသားရေနှုတ် မြောင်းများ တူးဖော်ခြင်းလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဓဝန်ရပ်ကွက်ရှိ မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန၊ နန္ဓဝန်အိမ်ယာတွင် ချင်းတွင်းအားမာန် ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် နေသော ၄ ခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှု လုပ်ငန်းများအား စံချိန်စံညွန်းမီ သန့်ရှင်းသပ်ရပ်စွာ အရည်အသွေး ကောင်းမွန် စွာဖြင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြည့်မီစွာ ရရှိရေးတို့အား မှာကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၄ ခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)