နည်းပညာတက္ကသိုလ်(ဘားအံ) ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ဘားအံ) ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့်



MNP - ဩဂုတ်   ၂၁


နည်းပညာတက္ကသိုလ်(ဘားအံ)၏ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘးအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။


ဦးစွာ တစ်ဦချင်းအမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲစည်နှင့် နှစ်ယောက်တွဲကြက်တောင် ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တို့ကို ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ကျောင်းသား၊ကျောင်းသူ ဆရာ၊ဆရာမများ ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာ တက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဝက်တစ်ခုပြီး ဆုံးတော့မည်ဖြစ်ပြီး ကျောင်းသား/သူများ ကျန်းမာကြံခိုင်၍ အရည်အချင်းမြင့်မားစေရန်၊ အများအကျိုးသယ်ပိုး လိုသည့်စိတ်ထားရှိရန်၊ စည်ကမ်းကောင်းမွန်၍ တာဝန်ကျေးပွန်သည့် စရိုက်လက္ခဏာကောင်းများ ပြည့်ဝစေရန် ပြုစုပေးထောင်လျက်ရှိကြောင်း၊ လူငယ်တို့၏ ကာယ ဉာဏ၊ ခွန်အားတို့ဖြင့် တက်လူများဖြစ်သည့်အလျောက် အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်းတို့က နည်းပညာတက္ကသိုလ်(ဘားအံ)၏ တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲ၊ တစ်ဦးချင်စားပွဲ တင်တင်းနစ်ပြိုင်ပွဲ၊ မေဂျာ ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ၊ မေဂျာပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တစ်ဦးချင်းကြက်တောင်ရိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲ ကြက်တောင် ရိုက်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်(တံခွန်စိုက်)ပြိုင်ပွဲ ဒုတိယဆုရရှိသော အားကစား သမားများအား တစ်ဦးချင်းလည်ဆွဲဆု၊ ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ကြက်တောင်ရိုက်(တံခွန်စိုက်)ပြိုင်ပွဲ ပထမဆုရရှိသော အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ကျောင်းသူအားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ် ဆက် အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)