ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ










MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ရခိုင်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်း သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယနေ့ကျင်းပသည့် အခမ်းအနားသည် ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ၏ သားသမီးများထဲမှ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးထူးချွန်ချွန်အောင်မြင့်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်မြင်မှုရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်ပညာရေးမှူးများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုသည့်မ င်္ဂလာရှိသော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊  ယခုကျင်းပသော အခမ်းအနားသည် နှစ်စဉ်နှစ် တိုင်း နှင့်မတူဘဲ အနှစ်သာရပြည့်ဝစွာဖြင့် ဆောင်ရွက်သည့် အခမ်းအနားတစ်ခုလည်းဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍယခင်ထက် ပိုမိုမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကိုလည်း တက်ရောက်လာသူများ အားလုံးက သိမြင်ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည်မိပါကြောင်း၊ ယန့အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ပြည်နယ်အဆင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်ပြီး ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အားပေးချီးမြှင့်ဂုဏ်ပြုခြင်းလည်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နေဆဲ ဖြစ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တပေါင်းတည်း ချီးမြှင့် ခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဆုယူကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်မှုကို  ကြည့်မည်ဆိုလျင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ရခိုင်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုသူ ၄၅၁၆၃ ဦးတွင် အောင်မြင်သူ ၁၂၃၁၄ ဦးအောင်မြင်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ရရှိပြီး တစ်နိုင်ငံလုံး အဆင့်(၁၅) ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဂုဏ်ထူးရရှိမှု အနေဖြင့် ကြည့်မည်ဆိုလျင် ဘာသာစုံ ဂုဏ်ထူးရရှိသူ ၂၀ ဦး၊ ငါးဘာသာ ဂုဏ်ထူးရရှိသူ ၄၂ ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၅၇ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ၁၀၅ ဦး၊ နှစ်ဘာ သာဂုဏ်ထူးရရှိသူ ၃၄၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၁၆၀ ဦးရရှိခဲ့သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊  ယခု ၂၀၂၂ ခုနှစ်တွင် ဖြေဆိုသူ ၄၁၇၅၃ ဦးဖြင့်   တစ်နိုင်ငံလုံးတွင်ဝင်ရောက် ဖြေဆိုသူ အများဆုံး ပြည်နယ်တစ်ခုဖြစ်ကာ အောင်မြင်သူ ၁၉၇၂၉ ဦး အောင်မြင်ခဲ့ပြီး  အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၂၅ ဖြင့် တစ်နိုင်ငံလုံး အဆင့်(၄) ရရှိခဲ့ပါကြောင်း၊ ဂုဏ်ထူးရရှိသူ ဦးရေကို ကြည့်မည်ဆိုလျင် ဘာသာစုံဂုဏ်ထူးရရှိသူ ၃၄ ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၉၆ ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၂၂၀ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ၆၈၁  ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၉၉၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ ၅၈၈၃ ဦးရရှိခဲ့ပါကြောင်း၊ ပြည်နယ်၏ပညာရေးကို ဆန်းစစ်ကြည့်မည်ဆိုလျင် အောင်ချက်ရာခိုင်နှုန်း တိုးလာသကဲ့သို့ ဂုဏ်ထူး ရရှိသူဦးရေသည်လည်း ဘာသာရပ်အလိုက်တိုးတက်လာကာ ထူးခြားလေးနက်မှုက ရခိုင်ပြည်နယ် သည် မြန်မာတစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၉၇၂၉ ဦးဖြင့် အောင်မြင်သူ အများဆုံး ပြည်နယ်တစ်ခုအဖြစ်မှတ်တမ်းဝင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ပညာရေးသည်လူ့အဖွဲ့ အစည်းတစ်ရပ်ဖွံ့ဖြိုးတိုးမှု၏ ဗဟိုချက်မဖြစ်ကြောင်းကို နားလည်သဘောပေါက်ပြီး ပညာရေးတိုးတက် ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါ၊ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ အနေဖြင့် ပညာရေးကို နိုးကြားသော အမျိုးသားရေးအမြင်ဖြင့် တက်ညီ လက်ညီကြိုးပမ်းဆောင်ရွက် သွားကြပါဟု ပြောကြားသည်။


ထို့နောက် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့်ဆုတံစိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စစ်တွေမြို့၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း(ပြည်တော်သာ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးခြင်း အတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးမြို့နယ်များမှ မြို့နယ်ပညာရေးမှူး များအား ဂုဏ်ပြုဆုငွေနှင့် ဆုတံစိပ်တို့ကိုပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ဆုရမြို့နယ် ပညာရေးမှူးတစ်ဦးနှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲ၌ ရခိုင်တစ်ပြည်နယ်လုံး ပထမအဆင့်ရရှိသူ မသင်းမြတ်စံက ကျေးဇူးတင်စကားပြောကြားပြီး စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)