MNP - ဩဂုတ် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အမှာစကားပြောကြားရာ ပေါင်မြို့နယ်သည် သဘာဝဘေးအန္တရာယ် အမြဲကြုံတွေ့နေရကြောင်း၊ ရေကြီးရေလျှံများ မရှိစေရန် သက်ဆိုင်ရာဌာနများမှ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပေါင်မြို့နယ်သည် တောင်တန်းများ အလယ်တွင် တည်ရှိနေခြင်းကြောင့် မြေပြိုကျမှုမရှိစေရန် မြေသားများကို စနစ်တကျ ထိန်းသိမ်းထားရန်လိုအပ်ပါကြောင်း မြေပြိုနိုင်သော နေရာများအား အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုရှိနေစေရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုက မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး ကြုံတွေ့လာပါက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။ အခမ်းအနားသို့ သက်ဆိုင်ရာဌာဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။
သတင်း - မွန်မလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment