MNP ၊ ဩဂုတ် ၆
မွန်ပြည်နယ် ၊ပေါင်မြို့နယ်၌ တူယှဉ်နွှဲပျော်ဂီတပွဲတော်ယှဉ်ပြိုင်ရန် အသံစစ်ဆေးမှုပြုလုပ်ခြင်းကို ယမန်နေ့ညနေ့ပိုင်းက ဝါရီရူခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ဒိုင်အဖွဲ့ သုံးဦးမှစည်းကမ်းချက်နှင့်အညီ ဇကာတင်ရွေးချယ်ဆောင်ရွက်သွားပြီး ရွေးချယ်ထားသည့် (၃)ဦးအား ဩဂုတ်လ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တို့တွင်မော်လမြိုင်မြို့၌သွားရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
ပြိုပ်ပွဲဝင်များအား ဇာတိမာန်၊ လက်ရည်တစ်ပြင်တည်း၊ မြန်မာ့ကြွေးကြော်သံ၊ လွှတ်လပ်ရေးအောင်ပွဲ (မေလှမြိုင်) စသည့်ပြဌာန်း သီချင်း (၄) ပုဒ် တို့လည်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြုလုပ်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ၊ပေါ်ထွက်လာစေရန်၊ ပြည်သူများ၏စိတ်ကို အပန်းဖြေစေရန်နှင့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရွည်ရွယ်ကြောင်း သတင်းရရှိပါသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment