စဉ့်ကူးမြို့နယ်၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး





MNP ၊ သြဂုတ်   ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်းများကို စဉ့်ကူးမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များက ယနေ့ နေ့လယ်(၁၂) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ ဗီဒီယိုကာရာအိုကေလုပ်ငန်း လုပ်ကိုင်သည့် ဆိုင်(၅)ဆိုင်အား ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ရာတွင်  တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန် လိုင်စင်ဖြင့် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ၊ နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယို တိတ်ခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်းရှိ/မရှိ၊ တရားမဝင် ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေလွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ၊ ပြောင်းရွှေ့ခြင်း ရှိ/မရှိ စသည်တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)