သထုံမြို့၊ လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၊ လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ






MNP ၊  ဩဂုတ် ၇

မွန်ပြည်နယ်၊ သထုံမြို့ ၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော် ပုရဝုဏ်ရှိသုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တက်ရောက်လာသူများက နမောတသ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး သထုံမြို့၊ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းမှ သီလခံယူတောက်တည်ကာ ဩဝါဒစကားများ နာယူခဲ့ကြသည်။


ယင်းနောက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဌဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်သူများက သံဃာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝခေဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)