(၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ







MNP ၊ ဩဂုတ် ၇

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းသည့် (၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကိုယနေ့နံနက် ၉နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ(၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်ရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းက နမောတဿ သုံးကြိမ် ရွက်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ သံတွဲမြို့နယ်သံဃနာယကအဖွဲ့ဝင် တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး တရော်တောတိုက်ကျောင်းဆရာတော် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွါးချီးမြှင့်ပေးတော်မူကြသည်။

ဆက်လက်၍ သံတွဲမြို့နယ်သံဃနာယကအဖွဲ့ဝင် တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ၊ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတ ( အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)