MNP ၊ ဩဂုတ် ၇
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ဇူလကျေးရွာနေ အမျိုးသမီးတစ်ဦးထံမှ ဩဂုတ် ၆ ရက်နေ့ (၁၄:၀၀)မိနစ် အချိန် ဆေးအကြေမှုန့် နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မောင် တော မြို့နယ် ၊ ဇူလကျေးရွာနေ ရော်မိဒါ(မ)နေအိမ်အား မူးယစ်ဆေးဝါးရှာဖွေဝရမ်းဖြင့် ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး ၎င်းယာဘက်လက်တွင် ကိုင်ထားသည့် အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆ ရသော လိမ္မောရောင်ရေစိုဆေးပြား အကြေမှုန့် (၃၇၅)ဂရမ်ခန့် ၊ နေအိမ်အိပ်ခန်းအတွင်း Gold Power စာတမ်းပါ အစိမ်းရောင် အဖုံးပိတ်ပါ အဖြူရောင်ကော်ဗူးအတွင်းမှ အဖြူရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် ရေစိုလျက်ရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားတံဆိပ်မပါ လိမ္မော်ရောင်ဆေးပြား(၇၀၀)ပြား အလေးချိန်(၆၃)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ ရော်မိဒါ(မ) အသက်(၃၅)နှစ်(ဘ) မာမွတ်ဟူဆိန်း ဇူလကျေးရွာနေသူ နှင့် ကွင်းဆက်တရားခံ မူးယစ်ဆေးဝါးလာရောက်ရောင်းချသူ (၃၅)နှစ်ခန့်အရွယ်ရှိ အမျိုးသား အီတာလျံကျေးရွာ နေသူ(ဖမ်းမ မိသေး) တို့ နှစ်ဦးအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ) ၂၇/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး တရားခံအား သက်ဆိုင် ရာမှ အမြန်ဆုံး ဖမ်းဆီး နိုင်ရေး စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost

No comments:
Post a Comment