MNP - သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ တောင်သူလယ်သမားများအား ထုတ်ချေးရခြင်းဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအညီ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။
ရွှေတောင်မြို့နယ်၌ ကျေးရွာအုပ်စု (၄၂) အုပ်စုရှိတောင်သူ (၂၄၁၃)ဦး မိုးစပါးစိုက်ဧက(၁၃၂၂၈) ဧကရှိပြီး တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၉၈၄.၂၀သန်းကို စက်တင်ဘာလ အကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ယနေ့အထိ ၆၉. ၃၈ % ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment