MNP - ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ပနီတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ သို့ ယနေ့နံနက် (၁၀)နာရီအချိန်က ဝေမျှခြင်းပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ပနီတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း-ခွဲ သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေလိုအပ်နေသော အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းမှလည်း သောက်သုံးရေအကူအညီတောင်းခံထားသေးကြောင်း၊ ပနီတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ (၂၀၁)ဦးရှိပြီး သောက်သုံးရေလိုအပ်ချိန်တိုင်း ဝေမျှခြင်းပရဟိတမိသားစုမှ အမြဲလှူဒါန်းပေးနေကြောင်း ဦးဝင်းမင်းထွန်း(အေးမေတ္တာသောက်ရေအလှူတော်) ပြောကြား၍ သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment