ဒလ-တွံတေး ကားလမ်းတွင် YBS ယာဉ်လိုင်းစတင်ပြေးဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလ-တွံတေး ကားလမ်းတွင် YBS ယာဉ်လိုင်းစတင်ပြေးဆွဲ



MNP - သြဂုတ်   ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မှ တွံတေးမြို့နယ်သို့ YBS-၂၃ ယာဉ်လိုင်းသည် ယမန်နေ့နံနက်ပိုင်းက စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။   


အဆိုပါ YBS-၂၃ ယာဉ်လိုင်းပြေးဆွဲရာတွင် ခရီးသွားမိဘပြည်သူများနှင့် ရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေးအတွက် တွံတေးမှ ဒလသို့   နံနက် ၇နာရီ နှင့် ၈နာရီအချိန်တွင်   အလှည့်ကျ တစ်စီးနှုန်းပြေးဆွဲမှာဖြစ်ပြီး၊ ဒလမှ တွံတေးသို့ ညနေ ၄နာရီနှင့် ၅နာရီအချိန်တွင် ယာဉ်တစ်စီးနှုန်းဖြင့် အလှည့်ကျပြေးဆွဲပြီး လူတစ်ဦးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် အများပြည်သူခရီးသည်နှင့် ဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်ပြီး YBS-၂၃ ယာဉ်လိုင်းသည် တွံတေးမှ လှိုင်သာယာ (BOC)  သို့လည်း ပြေးဆွဲမှာဖြစ်ပြီး  ခရီးသွားမိဘပြည်သူများကို ဈေးနှုန်းသက်သာစွာဖြင့် လူတစ်ဦးလျှင် (၇၀၀)ကျပ်နှုန်း  သယ်ယူပို့ဆောင်ပေးမည်ဟု သိရသည်။


သတင်း - သီတာဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)