ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ငွေကြေးထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ငွေကြေးထောက်ပံ့

 



MNP - သြဂုတ်  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂ -၂၀၂၃ ခု ၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ ၊မေ ၊ဇွန်) လများအတွက် ဇလွန်မြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများသည် အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)