လားရှိုးမြို့၌ Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲ ကျင်းပ

 


MNP - သြဂုတ်   ၂၇


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲကို ယမန်နံနက် (၉) နာရီက လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်း၌ ကျင်းပသည်။


ပြေးလမ်းသစ်ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် အမျိုးသားအားကစား အဆင့်အတန်း မြင့်မားထည်ဝါမှုသည် မိမိနိုင်ငံ မိမိလူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး အမျိုးသား အားကစားမြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်မှ လားရှိုးမြို့သို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့လာရောက်သည့် ခရီးစဉ်တွင် အားကစားဖွံ့ဖြိုးမှုသည် တိုင်းပြည်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကိုများစွာ တိုးတက်စေနိုင်သဖြင့် အားကစားကို တစ်နိုင်ငံလုံး အတိုင်းအတာ အားပေးဆောင်ရွက်သွားရန် မြို့နယ်တိုင်းတွင် ဘောလုံးကွင်း ရှိရေးနှင့် အားကစားရုံများရှိစေရေး ဆောင်ရွက်သွားရန် လားရှိုးခရိုင် အားကစားကွင်းကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်များ အပေါ် ယမန်နေ့ Shining Mynamnar Co;Ltd တာဝန်ယူ ဆောင်ရွက်သည့် လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်း  မီတာ (၄၀၀) Synthetic Full P.U ခင်းခြင်းနှင့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး နိုင်ခဲ့သည့်အတွက် အားလုံး ကိုယ်စား အထူးဝမ်းမြှောက်ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်က အကုန်ကျခံပြီး အားကစားကွင်း အဆင့်မြှင့်တင်၍ တည်ဆောက်ပေးခဲ့သည့်အတွက် မြန်မာ့လက်ရွှေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားကွင်း/ရုံများ အစဉ်တစိုက် သန့်ရှင်းသာယာလှပရေး စည်းကမ်းတကျ လေ့ကျင့်နိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်သွားကြရန် အားလုံးတွင် တာဝန်ရှိသည့်အတွက် တက်ရောက်လာသည် ကျောင်းသား/ကျောင်းသူ မိဘပြည်သူများမှ အားကစား ကွင်းကြီးကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ပြောကြားသည်။


ဆက်လက်၍ Shining Myanmar Co;Ltd မန်နေဂျင်း ဒါရိုက်တာ ကျော်စွာထွဋ်က ရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး Synthetic Full P.U ပြေးလမ်းသစ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ Shining Myanmar Co;Ltd မန်နေဂျင်း ဒါရိုက်တာ ကျော်စွာထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ ပန်းပွားအကဖြင့် သရုပ်ပြသပြီး ပန်းပွားအက သရုပ်ပြ အဖွဲ့များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂုဏ်ပြုဆုငွေ ကျပ်(၁၂)သိန်း၊ အကနည်းပြ အဖွဲ့များအား တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးမှ ငွေကျပ်(၃) သိန်း အသီးသီးချီးမြှင့်ပေးကြကာ အားစကား ပြိုင်ပွဲများ စတင်ယဉ်ပြိုင်၍ ပြိုင်ပွဲတွင် ဆုရရှိသူများကို  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)