MNP - သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန သိုလှောင်ရုံတွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်တောင်သူများသို့ မြေသြဇာဖြန့်ဖြူးရောင်းချခြင်းနှင့် ဧက(၁၀၀)စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အိမ်မဲမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနဦးစီးမှူး ဦးတင်မောင်ဦးတို့က ဧက (၁၀၀)စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာ ထောက်ပံ့ပေးရခြင်းအကြောင်း၊ မိုးစပါးစိုက် တောင်သူများအား ဓါတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရခြင်း အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မိုးဝင်း၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးတို့က ဘုရာကြီးကုန်းကျေးရွာမှ ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် ၁ ဧက (၁၀၀)တင်း ထွက်ရှိရေး ဧက (၁၀၀)စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မိုးစပါးစိုက် တောင်သူများအား မြို့နယ်ဓါတ်မြေသြဇာ ဖြန့်ဖြူးရေးကော်မတီမှ နိုင်ငံတော်ထုတ် ဈေးနှုန်းဖြင့် ဓာတ်မြေသြဇာများကို ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။
“တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်၊ စံညွှန်းပြည့်မှီသည့် မြေသြဇာများအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီ ဝယ်ယူသုံးစွဲနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း” မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment