ရန်ကင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး

 



MNP - သြဂုတ်   ၃၀


ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုရပ်ပြု၍ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းနေအရွယ်ကလေး (၂၈) ဦးကို ပထမအကြိမ် Sinopharm ကာကွယ်ဆေးထိုးနှံပေးပြီး၊ အသက် ၁၂နှစ်မှ ၁၇နှစ် အထိ ကျောင်းသား/သူ (၄၉၇)ဦးကို ပထမအကြိမ် Sinovac ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရန်ကင်းမြို့နယ်တွင် ၂၉.၈.၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီက စုရပ်ပြု၍ ထပ်ဆောင်းကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင် ရွက်ပေး လျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။   


ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)