လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချနေခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချနေခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေး



MNP - ဩဂုတ်   ၂၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှု ရပ်တန့်ထားခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချနေခြင်းများ မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးမှုတွင် လားရှိုးမြို့နယ် စီံမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သူတို့က ဦးစီး၍  ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ရှိ တရားဝင်လိုင်စင်ရရှိထားသည့် စက်သုံးဆီဆိုင်များကို စက်သုံးဆီရောင်းချမှုရပ်တန့်ထားခြင်း၊ စက်သုံးဆီအကန့်အသတ်ဖြင့် ရောင်းချနေခြင်းမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့ကိုဆွေးနွေးကာ လိုအပ်သည်များလမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။


လားရှိုးမြို့တွင် စက်သုံးဆီရောင်းချသည့်ဆိုင်(၄၇)ဆိုင်ရှိပြီး မြို့နယ်လူထုနှင့်ဒေသခံများ၊ ခရီးသွားများအတွက် လိုအပ်သည့် စက်သုံးဆီ လွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာက လမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။


သတင်း - စိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)