စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏၊ ရှေ့ပြေးစီမံကိန်းအရ နေကြာတိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ်(၂၅)ဧက စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏၊ ရှေ့ပြေးစီမံကိန်းအရ နေကြာတိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ်(၂၅)ဧက စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု

 


MNP -  သြဂုတ်   ၂၂


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံဖြစ်သည့် နေကြာတိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ်(၂၅)ဧက စိုက်ပျိုးထားရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အင်ကြင်းပင်လှကျေးရွာရှိ တောင်သူ ဦးခင်မောင်ဌေးပါ (၇)ဦး စိုက်ပျိုးထားရှိသည့် စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။


အင်ကြင်းပင်လှကျေးရွာအုပ်စုရှိ တောင်သူဦးခင်မောင်ဌေးပါ(၇)ဦး စိုက်ပျိုးထားရှိသည့် ကွင်းအမှတ် (၅၁၆) ရေဆင်း၊ စပ်မျိုးနေကြာ-ရေဆင်း၊ စပ်မျိုးနေကြာ(၁) ၁၅ ဧကနှင့် ဆင်းရွှေနေကြာ (၂) OPV၊ (၁၀)ဧက စုစုပေါင်း(၂၅)ဧက စိုက်ပျိုးထားရှိမှုအား စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။


စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံများကို အများအပြားစိုက်ပျိုးလျက်ရှိရာ စလင်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူများအား မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် မြေသြဇာများကူညီထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဒေသအလိုက်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြပြီးဖြစ်သည်။ စလင်းမြို့နယ်တွင် နေကြာစိုက်ပျိုးရန်လျာထားဧကမှာ (၈၅၂၇)ဧကဖြစ်ပြီး စိုက်ပျိုးပြီးစီးဧကမှာ (၇၃၄)ဧက၊ သီးသန့်စိုက်ပျိုးဧက (၇၄)ဧက၊ သီးညှပ်စိုက်ပျိုးဧကမှာ (၆၆၀)ဧကရှိပြီး ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးရန်လျာထား (၃၆၆၂၂)ဧကအား လျာထားကြောင်းသိရှိရပြီး စလင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနောက်ပိုင်းတွင် နှစ်အလိုက်ဆီထွက်နှုန်းကောင်းပြီး ကုန်ကျစရိတ် သက်သာသည့် နေကြာသီးနှံကို စိတ်ဝင်စားစွာတိုးချဲ့ စိုက်ပျိုးလာကြကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)