MNP - ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံစိုက်ပျိုးရေး၊ အိမ်ထောင်စုလူဦးရေးစာရင်း (ပုံစံ-၆၆/၆) ရေးသွင်းခြင်းစာရင်း ဇယားမှန်ကန်စေရေး၊ စာရင်းထပ်ကျန်မရှိစေရေး၊ ရေပေးဝေရေးလုပ်ငန်စသည်တို့ကို ဆွေးနွေးပြောကြားကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခွန်ရဲထွေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment