မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၇၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၇၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး

 





MNP - သြဂုတ်   ၂၂


မွန်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ကျေးလက်နေပြည်သူများမှ အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားချက်  ၇၆၇၇၅ ဧကရှိပြီး ယခုအချိန်တွင်  မိုးစပါးစိုက်ဧက၇၈၁၂၂  ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်၍ လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မုဒုံမြို့နယ်တွင် ပေါ်ဆန်ရင် စပါအမျိုးအစားကို အဓိကထားစိုက်ပျိုးကြပြီး စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်ကို ၁၅၁ ဧကအား ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုး စေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးခြင်း၊ အကျိုးဆောင်တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်တို့ဖြင့် စိုက်ပျိုးထားရှိကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ် အရည်အသွေးကောင်းမွန်ကာ ပြည်ပဈေးကွက်များ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ထို့အပြင် နှစ်စဉ်မျိုးသန့်မျိုးစေ့ပံ့ပိုးပေးခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးပေးခြင်း၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် စပါးစိုက်ပျိုးမှုနည်းပညာများကို ကွင်း ဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစပါးများကို မေလကုန်မှစတင်ကာ စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)