မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသည့် ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသည့် ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးဆက်လက် ထိုးနှံပေး





MNP ၊ ဩဂုတ်  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့်  ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ပိုင်း က သတ်မှတ် ကျောင်း စုရပ်နေရာ များတွင်  ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  ကျောင်းသား/သူ များ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူ များကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေးထိုးနှံနေမှုများအား  ဆရာ/မ များ နှင့် တာဝန်ရှိ သူများက ကူညီ ဆောင် ရွက် ပေး လျှက်ရှိသည်။ 

မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသည့်  အထက်တန်း နှင့် အလယ်တန်း ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က နံနက် ပိုင်းက ကျောင်း သား / သူ  ၂၇၇  ဦးအား ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်း ဩဂုတ် ၂၈  ရက်နေ့ထိ ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံပြီးစီးသူ  ၃၂၀၈ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်း သား/သူ များအား ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ 


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)