MNP ၊ သြဂုတ် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ဆပ်သွားကျေးရွာအုပ်စု၊ အလယ်ရွာအနီး ဆပ်သွားချောင်းဘေး ဓနိတော အတွင်း တွင် ယမန်နေ့ ညနေပိုင်းက တရားမဝင် ကညင်သစ်ခွဲသားများနှင့် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
နယ်မြေခံ တပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့်ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆပ်သွားကျေးရွာအုပ်စုအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် အလယ်ရွာအနီး ဆပ်သွားချောင်းဘေး ဓနိတောတွင် တရားမဝင် ကညင်သစ်ခွဲသား(၁၀)ချောင်း ၊(၁.၀၁၆၆)တန်၊ ကာလတန်ဖိုး -၁၅၂၄၉၀ကျပ်နှင့် တောင်သရက်ခွဲသား (၇၃) ချောင်း၊(၁၀.၉၉၉၈)တန်၊ ကာလတန်ဖိုး- ၁၂၅၂၄၇၀ကျပ် အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖမ်းဆီးရမိသော တောင်သရက်ခွဲသားများအား မြန်မာ့သစ်လုပ်ငန်း(ဂွမြို့)သို့ သယ်ယူ၍ သစ်တောဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost



No comments:
Post a Comment