မတ္တရာမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များ ကူညီဆောင်ရွက်ပေး



MNP - သြဂုတ်   ၂၉


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် သရက္ကန်တောင်ကျေးရွာတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှဌာနမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ရာ ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်း လင်းဖြေကြားခဲ့ကြသည်။ ထို့နောက် ကျေးရွာအတွက်  Mask များနှင့် Hand Gel ဘူးများကိုပေးအပ်ရာ ကျေးရွာ တာဝန်ရှိသူများမှ လက်ခံယူခဲ့ကြပြီး၊ ဌာနဆိုင်ရာများမှ  မိမိတို့ ဌာနအလိုက် ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများစိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။


ဆွေးနွေးပွဲအပြီးတွင် ကျေးရွာမှတင်ပြထားရှိသော ကျေးရွာစားကျက်မြေနေရာအား ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)