ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထပ်ဆောင်း(Additional Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထပ်ဆောင်း(Additional Booster Dose) ထိုးနှံပေး





ပေါင်   ဩဂုတ်  ၂၉

 မွန်ပြည်နယ်၊‌ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ  ထပ်မံထပ်ဆောင်း(Additional Booster Dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဝါရီရူခန်းမ၌ စတင်ထိုးနှံ ပေးကြောင်းသိရသည်။         

ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက် ပေးလျှက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီး  နှင့်ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာအုပ်စု များအလိုက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ‌ဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ဦး‌ဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာရှိအုပ်ချုပ်ရေးမှုးတို့ကမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိပြည်သူများအား  ထပ်မံထပ်ဆောင်း(Additional Booster Dose) ထိုးနှံ ရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ထပ်မံထပ်ဆောင်း(Additional Booster Dose)ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)