ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်းများအသင်းနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်းများအသင်းနှင့် တွေ့ဆုံဆွေးနွေး




MNP ၊ ဩဂုတ် ၁၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြိတ်မြို့၊ ကလွင်ရေပုန်း ရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ များကို တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် အကျိုးပြုရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရန်ပုံငွေများ ခွဲဝေချထားပေးလျက် ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ နိုင်ငံတော်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင်လည်း အဓိကထားကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းအတွက် မိမိတို့ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်သမျှ ဥပဒေဘောင်နှင့်အညီ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ အမှန်တကယ်ဆောင်ရွက်မည့်ကိစ္စနှင့် လုပ်ငန်းကိစ္စရပ်များကို အပြည့်အဝကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးမှတဆင့် တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ကြုံတွေ့နေကြရသည့် အခက်အခဲများအပေါ်မူတည်၍ ကူညီဆောင်ရွက် ပေးနိုင်သည်များ ပေါ်ထွက်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္က႒ ဦးအောင်မင်းနိုင်က အသင်းဖွဲ့စည်းခဲ့ခြင်း၏ ရည်ရွယ်ချက်နှင့် အသင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြပြီး အထွေထွေအတွင်းရေးမှူး ဦးအောင်ဆွေဦးက တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ တိုင်းရင်းသားများအတွက် ရိက္ခာဖူလုံစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် အသင်းသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တိုင်းရင်းသားဒေသတွင်း ထုတ်ကုန်များ ပြည်ပနိုင်ငံ ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ရေး၊ အဆင့်မြင့်နည်းပညာများဖြင့် ဒေသတွင်းထုတ်ကုန် အသစ်များထုတ် လုပ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေး စသည့်ကိစ္စရပ်များကို အထွေထွေဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)