MNP ၊ သြဂုတ် ၁၉
သူတို့ဆေးရုံတက်နေရတာ သုံးလေးရက်လောက်တော့ရှိပြီး။ ပင်လယ်ထဲမျောလာတဲ့ ရေသန့်ဗူးကိုဆယ်ပြီး အဖုံးဖွင့်လိုက်တဲ့အခါမှာ အရက်ဆီနံ့ရတဲ့အတွက် အရက်ဗူးထင်ပြီး သောက်လိုက်ကြတာနဲ့ မူးဝေ၊ အော့အန်တာတွေဖြစ်လို့ ဆေးရုံကို ပို့ပေးလိုက်ရတယ်။ သူတိုက အဲ့ဒီရေသန့်ဗူးထဲက ရေတွေကိုသောက်ပြီးတော့ ရင်ဘတ်တစ်ခုလုံး ပူနေတယ်လိုပဲပြောနေတယ်။ အစ်ကိုဖြစ်သူကတော့ ဆေးရုံမှာ ဩဂုတ်လ (၁၆) ရက်က ကွယ်လွန်သွားတယ်။ နောက်ရက်မှာ ညီဖြစ်သူကတော့ ရသေ့တောင်ကျေးရွာက နေအိမ်မှာပဲ ကွယ်လွန်သွားပါတယ်” လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကပြောကြားကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment