ငပလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလှည့်လည်နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလှည့်လည်နှိုးဆော်





ငပလီ ၊ ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ ၌ ငပလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ငပလီ မြိုမီးသတ် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ၍ယနေ့ နံနက် ၁၀နာရီအချိန်က ငပလီ မြို့ပေါ်ရှိမိဘပြည်သူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့မြန်မာစံတော် ချိန်(၄း၃၀)နာရီအချိန် တိုင်းတာထွာချက်အရ ယနေ့မှ(၂၀-၈-၂၀၂၂)ရက်နေ့အတွင်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍မိုးကြီးပြီးလေပြင်းတိုက် ခတ်ခြင်းများဖြစ်ပေါ်လာနိုင်ကာမိုးသက် လေပြင်းများကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၄၀) မိုင်နှုန်းထိတိုက်ခတ်နိုင်ပါ သည်၊ လှိုင်းအမြင့်မှာ (၉)ပေမှ(၁၃)ပေအထိရှိမည်၊ သို့ဖြစ်ပါ၍ ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအနေဖြင့် ရေလမ်းခရီးသွားခြင်းများမပြုကြရန်၊ ရေကြီးခြင်း  မြေပြိုခြင်းများ ဖြစ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နိုင်ရေးအတွက် ကြိုတင်စီမံထားရှိကြရန်စသည့်အသိပေး နှိုးဆော်ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)