လဲချားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)၊အိမ်ထောင်စု (၁၃၈၈၂)စုအား (Software Program)ထည့်သွင်းခြင်းအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)၊အိမ်ထောင်စု (၁၃၈၈၂)စုအား (Software Program)ထည့်သွင်းခြင်းအား ကြည့်ရှုအားပေး

 



MNP - သြဂုတ်   ၁၉


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လဲချားမြို့နယ်ဦးစီးဌာနရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)၊ အိမ်ထောင်စု (၁၃၈၈၂)စုအား Software Program ထည့်သွင်းဆောင်ရွက်ခြင်းအား ကြည့်ရှု့အားပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ကော်မရှင်ရုံးတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။


ထိုသို့ အိမ်ထောင်စု လူဦးရေစာရင်းပုံစံရေးသွင်းနေမှုအား လွိုင်လင်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးတို့မှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)၊ Software Program ထည့်သွင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာဝန်ထမ်းများမှ ပူပေါင်းပါဝင်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ပြီး လဲချားမြို့နယ်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု(၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)