မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး



MNP - ဩဂုတ်  ၂၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မကွေးမြို့နယ်ရုံးမှ ဝန်ထမ်းများက ဒဟန်ကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်တစ် အိမ်ဆင်း အိမ်ထောင် စုစာရင်း စစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် သည်မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ ဒဟန် ကန်ကျေးရွာရှိ ဒေသခံမိဘပြည်သူနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့် ကိုင်ဆောင်ထိုက်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများအား ပြောကြား ခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးသည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဒဟန်ကန်ကျေးရွာရှိ အိမ်ထောင်စုများတွင် အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ် ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒဟတ်ကန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ရာအသက်(၁၀)နှစ်ပြည့် ကျား(၂၉) ဦး၊ မ(၅၄)ဦး နှင့် အသက်(၁၈)နှစ်ပြည့် ကျား(၁၀)ဦး၊ မ(၅၁)ဦး စုစု‌ပေါင်း(၁၄၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)