MNP - သြဂုတ် ၂၇
ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယမန်နေ့၊ နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာ ရုံးများဖြစ်သည့် သမဝါယမဦးစီးဌာန၊ အခွန်ဦးစီးဌာနနှင့် ဆက်သွယ်ရေး လုပ်ငန်းများသို့ သွားရောက်ကာ ရုံးဌာနများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ရုံးပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ရုံးဌာနများရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါက လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးဘေးလုံခြုံရေးအတွက် ရုံးခြံအတွင်း အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ ရုံးဌာနများတွင် မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေး ပို့ကြပါရန် ကွင်းဆင်းစစ်ဆေး အကြံပြုခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment