MNP - သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ၊ မင်္ဂလာဇေရုံဘုန်းကြီးကျောင်း၌ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ လယ်ယာ သုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အင်္ဂပူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှု လယ်ယာစခန်း(ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။ ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အင်္ဂပူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း (ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းသို့ အင်္ဂပူမြိုနယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြသည်။ သင်တန်းကာလ(၁၂)ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာစခန်း(ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်ထံမှ သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment