MNP - ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယနေ့နံနက် (၇)နာရီမှစ၍ ၂၀၂၂-ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။
ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်း(၇၃၅)ဦးရှိပြီး၊ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများတွင် အသက်ကြီးသူများကို ဦးစားပေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အငြိမ်းစားဝန်ထမ်းများအဆင်ပြေစေရန် လစဉ်ပင်စင်လစာငွေ စတင်ထုတ်ပေးသည့်နေ့ ဝန်ထမ်းဦးရေ(၂၀၀)ကျော်အထိ လာရောက်ထုတ်ယူသောကြောင့် နံနက်(၇)နာရီမှစတင်၍ ထုတ်ပေးခဲ့ခြင်းကြောင်းနှင့် ကျန်နေ့များတွင် ဘဏ်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ်မန်နေဂျာဒေါ်လဲ့လဲ့နိုင်ထံမှ သိရသည်။
သတင်း - အေးအေးမော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment