MNP - ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွင်း ဖွင့်လှစ့်သည့်အသက်မွေးဝမ်း ကျောင်းအထောက် အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးနေထက်ရှိန်၊ ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့မှ သင်တန်းအဖွင့်အမှာစကား ပြောပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်တင်တင်နွယ်မှ သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များ၊ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွင်းမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ (၂.၅၀)သန်း ကျခံသုံးစွဲ ထားရှိပြီး သင်တန်းနည်းပြဆရာများမှ ကျေးရွာ(၆)ရွာမှ သင်တန်းသား(၃၀)ဦးတို့ကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ ရက်ပေါင်း(၃၀)ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းသားများကို သင်တန်းစည်းကမ်းချက်များနှင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာတို့အား ရှင်းလင်းပြောကြား စတင်သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment