သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီဘောလုံး အသင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုများပေးအပ်ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီဘောလုံး အသင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုများပေးအပ်ချီးမြှင့်ပွဲကျင်းပ




MNP - ဩဂုတ်  ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဒိုင်းဆုနှင့် ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ဘောလုံးကွင်း၌ကျင်းပခဲ့သည်။


ကျောင်းကောင်စီ ဘောလုံးအသင်း ယှဉ်ပြိုင်ကစားလာခဲ့ကြရာ ဗိုလ်လုပွဲတွင် ဘုရင့်နောင် ဘောလုံးအသင်းနှင့် ဗန္ဓုလဘောလုံးအသင်းတို့ နောက်ဆုံးယှဉ်ပြိုင်ကစားကြပြီး (၆)ဂိုး(၁)ဂိုးဖြင့် ဘုရင့်နောင်ဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲ၍ ပထမ ဒိုင်းဆုကြီးအား ဆွတ်ခူးရရှိသွားခဲ့ သည်။


ထို့နောက် အနိုင်ရဗိုလ်စွဲ ပထမဒိုင်းဆု ဆွတ်ခူးရရှိသွားသော ဘုရင့်နောင်ဘောလုံးအသင်းနှင့် ဒုတိယ၊ တတိယ ဆုရဘော လုံးအသင်းများအား အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးနှင့် အထက်တန်းပြ ဆရာမ (ကာယ) ဒေါ်သဉ္ဇာထွေးတို့မှ ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုရ ဘုရင့်နောင် ဘောလုံးအသင်း အားကစားသမားများကို ဒိုင်းဆုနှင့် ဆုငွေ(၂၀၀၀၀) ကျပ်၊ဒုတိယဆုရ ဗန္ဓုလ ဘောလုံး အသင်းအား ဆုငွေ(၁၅၀၀၀)ကျပ်၊ တတိယဆုရ ကျန်စစ်သားဘောလုံးအသင်းအား ဆုငွေ(၁၀၀၀၀)ကျပ်တို့ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)