MNP - ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်များ၊ လူငယ်အသင်း Youth Club အဖွဲ့တို့ ပူးပေါင်း၍ မူယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က ပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၂- ခုနှစ် မေလထုတ် သုတပဒေသာစာအုပ်မှ ထက်ဝေအောင် (စစ်ကိုင်း)ရေးသားသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်ပါ ဆောင်းပါးနှင့် မူယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများ စသည့်အကြောင်း အရာများကို တက်ရောက်လာသည့် လူငယ်အသင်း Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များမှ ပါဝင်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ဌေးဌေးလှိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment