ပြင်စလူမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်စလူမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP - သြဂုတ်   ၇


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နေ့လည် ၂ နာရီခွဲ အချိန်ခန့်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြင်စလူမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက လူငယ်များထားရှိရမည့် ပန်းတိုင်အကြောင်း ကိုလည်းကောင်း၊ နယ်မြေစခန်းမှူးရဲအုပ် အေးမင်းထွဋ်က မူးယစ်ဆေးဝါး အကြောင်းအရာများ ကိုလည်းကောင်း၊ မြို့လျှပ်စစ်ဦးမှူးဦးအောင်မိုးဇော်က လျှပ်အန္တရာယ် အကြောင်းအရာများကို လည်းကောင်း၊ မြို့မီးသတ်ဦးစီးမှူး ဦးဝေဖြိုးဇော်က မီးဘေးအန္တရာယ် အကြောင်းအရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ် နှင့်ရည်မှန်းချက်စသည့် အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြသည်။


ထို့နောက် အ.ထ.က ပြင်စလူကျောင်းမှ Grade -11 ကျောင်းသား မောင်မင်းထွဋ်ကျော်က သိလိုသည်များကို မေးမြန်းခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။


သတင်း - ယောဧရာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)